ထီးလင်းမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ထီးလင်း အောက်တိုဘာ ၉

ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ပြန့်စွာ သိရှိလိုက်နာ ဆောင်ရွက် နိုင်စေရေး တို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာ ပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသ ဆောင်ရွက်သည်။

အဆိုပါအသိပညာပေး နံရံကပ်စာစောင်တွင် လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းအချက်အလက်များက မည်သို့ ဆက်စပ် အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနား လည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့်လုပ်ကြံသတင်းများ၊ သမိုင်းဝင် တည်နေရာ များကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ အချက်အလက်နှင့် ထင်မြင် ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင် အတူတူကြည့်ပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ ဆိုသည်မှာ အဘယ်နည်း၊ သတင်း ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ အချက်အလက် နှင့် ထင်မြင် ယူဆချက်၊ ကလေးသူငယ်/လူငယ်နှင့်လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နှင့်ကျန်းမာရေး၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့်ကြော်ငြာများ၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန် သတင်း အချက်အလက်များနှင့်ပုဂ္ဂလဓိဋ္ဌာန် သတင်း အချက်အလက်များ၊ သင်သည်မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာသိနားလည်မှုရှိသော မိဘအုပ်ထိန်းသူတစ်ဦး ဖြစ်ပါသလား၊ ကလေးများ နှင့်အတူတူ သတင်းကြည့်ရာဝယ်၊ ကလေးမှားနှင့်အတူ စာဖတ်ပါ၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ပါစသည့် အကြောင်းအရာများကို ခင်းကျင်းပြသ ထားကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)