သရက်ချောင်း ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းမိုးစပါးစိုက်ပျိုးသော ကျေးရွာ(၂၇)ရွာရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါချေးငွေများထုတ်ချေးရာတွင် သရက်ချောင်းမြိုနယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာက တောင်သူများအား ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့်အချိန်ကန့်သတ်ချက်၊ တောင်များအနေ ဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့်အချိန်ရောက်လျင် မဆပ်သည့်တောင်သူ များအား နောင်နှစ်တွင် ချေးငွေထုတ်ချေးမည်မဟုတ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားပြီး ချေးငွေထုတ်ချေးရန်အတွက်လိုအပ်သည်များကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်အတွင်းတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုး စရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့နံနက် ၉ နာရီမှ စ၍ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စုနှင့် ပြင်ဖြူသားကျေးရွာတို့မှ တောင်သူ (၇၃)ဦး၊ တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့်စပါးစိုက် (၃၈၃)ဧကအတွက် ချေးငွေကျပ် (၅၇၄၅၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်း ဇွန်လအတွက် မြို့မ၊ ရေချိချောင်း၊ ဆင်ကူး၊ ပြင်းဖြူသား၊ ပြင်းဖြူကြီး၊ ကဇိတံတားဦး၊ ချောင်းဝပြင်၊ ရန်တောင်၊ လဘကျေးရွာများကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။
ပြည့်ဖြိုးပိုင် (သရက်ချောင်း)