ပန်းတောင်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ နတ်မောက်ကျေးရွာအုပ်စု၊ နတ်မောက်ကျေးရွာ ပန်းတောင်း-နတ်မောက် လမ်းပေါ်ရှိ နတ်မောက်တံတားအမှတ် (၃)သံကွန်ကရစ်တံတားအရှည် (၆.၁)မီတာဆောက်လုပ်နေမှု အခြေအနေအားလည်းကောင်း၊ ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာရှိ ပျိုးဥယျာဥ်စိုက်ခင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စွယ်တော်ကျေးရွာအုပ်စု စွယ်တော်ကျေးရွာ၌ Haina Global Pet.Ltd ကုမ္ပဏီ မှတာဝန်ယူဆောင်ရွက်နေသော EP4 ဧရိယာ ရေနံတွင်း သို့သွားရောက်၍ ရေနံတူးဖော်နေမှုအခြေအနေအားလည်းကောင်း၊ ရွှေဘုံသာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ နို့စားနွားမွေးမြူထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)