ထားဝယ် ဇွန် ၁၄
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်းအိမ်ရာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်အနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမျိုးမြင့်နိုင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ မိသားစုဝင်ငွေတိုးတက်မှုများရရှိလာစေရန်နှင့်တပိုင်တနိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာအထောက်အကူပြုပညာပေးသင်တန်းများအား တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရုံးများတွင်လည်း သင်တန်းများအား ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်းပြောကြားပြီးသင်တန်းသူ(၂၄)ဦးအား သင်တန်း ဆင်းလက်မှတ်များပေးအပ်သည်။
သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ် ဆပ်ပြာခဲ၊ မှန်ကြည်ဆေး၊ အလှဖယောင်းအကြည်၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ စသည့် လူသုံးကုန်ပစ္စည်းများကို ဇွန် ၉ ရက်နေ့မှ ဇွန် ၁၃ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)