ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ပုံစံ(၄) ၊ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို  ပြင်ဆင်ပေး

နတ်မောက် အောက်တိုဘာ  ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များမှ ပုံစံ(၃)၊ပုံစံ(၄) ၊ပုံစံ(၄-ဂ)ဖြင့် လျှောက်ထား သူများအား ယနေ့နံနက်(၁၀)နာရီက  မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ တင်ပြလျှောက်ထား လာသော အမည်စာရင်း ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျှောက်ထားလာသူ (၁၉၈)ဦး၊ မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေ၍ ပုံစံ(၄) ဖြင့် လာရောက် ကန့်ကွက်သူ မရှိ၊ မဲစာရင်းစပ်လျဉ်းသည့် ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ (၆၀)ဦးရှိရာမဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်း များကို အောက်တိုဘာ ( ၅ ) ရက်နေ့မှ (၁၄)ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊  အုပ်စုအလိုက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း ( နတ်မောက်)