ပုလော ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာTalk Show ဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Showဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က သွေးလွန်တုပ်ကွေး ရောဂါဆိုင်ရာ သိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ဆုပြည့်လှိုင်က သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များသည့် ရာသီနှင့် ဖြစ်ရသည့်အကြောင်းအရင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးအဖြစ်များသည့် အသက်အရွယ်၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ နှိမ်နင်းရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြုပ်၊ ရှင်း၊ မှုတ် ပြုလုပ်ခြင်း၊ ရေကန်၊ ရေစည်ရေပုံး၊ ရေအိုးစသည်များတွင် အဘိတ်ဆေးခတ်ခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်အောင် ပူးပေါင်း ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးဌာန အနေဖြင့်ပြည်သူ့ကျန်းမာရေး အသိသတိရှိရန် ဖြည့်စွက်ပြောကြားချက်များစသည်တို့ကို Talk Show ဆွေးနွေးခဲ့သည်။
အေးအေးမော်(ပုလော)