ချောင်းသာ အောက်တိုဘာ ၉
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း ဝင်ရောက်နေသူများကို ယမန်နေ့ နံနက် ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း (၁၄)ရက်ပြည့် မြောက်အောင် ကျန်းမာရေး ကောင်းစွာ နေထိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများမှ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များကို ပေးအပ်ခဲ့သည်ဟု သိရသည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း (၁၄)ရက်ပြည့်သူများမှာ ရခိုင်ပြည်ပြန်(၉)ဦးနှင့် ရန်ကုန်တိုင်းပြန် (၄)ဦးဖြစ်ပြီး ၎င်းတို့အား ကျန်းမာရေး ဝန်ထမ်းများမှ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်ခြင်း စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ(၈)ရက်နေ့တွင် (၁၄)ရက်ပြည့် မြောက်ပြီး ကျန်းမာရေး ကောင်းမွန်သည့်အတွက် နေအိမ်တွင် စည်ကမ်းချက်များနှင့်အညီ (၇)ရက် နေထိုင်ရန် တာဝန်ရှိသူများမှမှာကြားပြီး ကျန်းမာကြောင်းနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင် စည်ကမ်းချက်နှင့်အညီ (၁၄)ရက်ပြည့်မြောက်အောင် နေထိုင်ခဲ့ကြောင်း ထောက်ခံချက်များက ပေးအပ်ခဲ့သည်။
အဆိုပါထောက်ခံချက် လက်မှတ်ပေးအပ်ရာသို့ ချောင်းသာမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၊ မြို့ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးထွန်းအောင်ကို၊ မြို့ကြက်ခြေနီ တပ်ခွဲမှူး ဦးသန်းဌေးတို့က ပေးအပ်ကြပြီး၊ ချောင်းသာမြို့ Voluenteer များက အခန်းများ ဆေးဖြန်းခြင်းနှင့် လိုအပ်ချက်များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)