ကလိန်အောင် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က "မူးယစ်ဆေးဝါးအန္တရာယ် ပြည်ရန်စွယ်"အကြောင်းကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ၊ မူးယစ်ဆေးဝါးရဲ့အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်း သားကျောင်းသူများ အနေဖြင့် မူးယစ်အန္တရာယ်ကိုရှောင်ရှားတက်ရန်၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများကို သိရှိနာလည်းပြီးရှောင်ကျဉ်ဖွယ် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)