ငရုတ်ကောင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ပိုစတာများအား ကြေညာကပ်ထားပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ငရုတ်ကောင်း အောက်တိုဘာ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်း ပါဝင်ခြင်း ရှိ/မရှိ၊ ဆန္ဒမဲပေးခွင့်များ မဆုံးရှုံးစေရေး ရည်ရွယ်၍ ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ပိုစတာများ ကြေညာကပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါစစ်ဆေးပြီးပြီလား၊ ဖြည့်စွက်ရန် လိုအပ်မည့် ပုံစံများ၊ မဲဆန္ဒရှင်စာရင်း သွားရောက်စစ်ဆေးရန်အချိန် မလုံလောက်ပါက online မှတဆင့် စစ်ဆေးနိုင်မည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ စသည့် အချက်များပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး မဲဆန္ဒရှင်စာရင်းများ သွားရောက်ကြည့်ရှုရန် အသိပေးသည့်အနေဖြင့် အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထား ကြေညာပေးခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)