ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ​ မြို့မစျေးအတွင်း‌ရေထွက်ကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များ လိုက်လံစစ်ဆေး

ဒိုက်ဦး ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်‌လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့မစျေးအတွင်း  စားသောက်ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များသို့ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးပိနှင့် ငံပြာရည်စသည့်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊‌ ဈေးအကျိုးတော်ဆောင်အဖွဲ့မှတာဝန်ရှိသူများ လိုက်လံစစ်‌ဆေး၍ပူး ပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)