ဖာပွန် အောက်တိုဘာ ၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာ ဝန်ထမ်းဆောင်မည့် အထူးရဲများအား အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူများက ဦးဆောင်၍ အထူးရဲသင်တန်းနည်းပြ(၈)ဦးတို့က ဖာပွန်မြို့ရှိ အထူးရဲ(၁၆)ဦးအား လက်နက်မဲ့စစ်ရေး ပြသင်ခန်းစာ၊ အထူးရဲတပ်ဖွဲ့တစ်ဦး၏ သိသင့်သိထိုက်သည့် သင်ခန်းစာများနှင့် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ သင်ခန်းစာများဖြစ်သည့် လူ့အခွင့်အရေး ဘာသာရပ်၊ ရဲကျင့်ဝတ်ဘာသာရပ်၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဘာသာရပ်၊ သတင်းမီဒီယာဥပဒေနှင့်ကျင့်ဝတ် ဘာသာရပ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် ဘာသာရပ်၊ ရာဇသတ်ကြီး ဥပဒေဘာသာရပ်၊ ရဲလက်စွဲဥပဒေဘာသာရပ်၊ ရဲအက်ဥပဒေ ဘာသာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပြီး မဲရုံလုံခြုံရေးဆိုင်ရာ အထူးရဲများ၏ တာဝန်ချိန်သက်တမ်း ကာလမှာအောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၁၅)ရက်နေ့အထိဖြစ်ကြောင်း၊ မဲရုံလုံခြုံရေး ဆင့်ပွားသင်တန်းကာလမှာ အောက်တိုဘာလ (၁)ရက်နေ့ မှ (၂၈)ရက်နေ့အထိဖြစ်ကြောင်း ဖာပွန်မြို့မ ရဲစခန်းမှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)