သရက် ဇွန် ၁၅
မကွေးတိုင်းဒေဿကြီး သရက်မြို့၌ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာမှာ ငယ်စဉ်မှစပြီး လေ့လာသင့်ယူတက်သည့် အလေ့အထကောင်းများရရှိစေရန် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်အတွက် ကျင်းပရခြင်းနှင့် မိမိဌာနအနေဖြင့် နွေရာသီအားလပ်ရက်ရှည်မှာ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်ပြီး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သားတို့သမီးတို့အနေဖြင့် တက်ရောက်ခဲ့သည့် သင်တန်းမှပညာရပ်များဖြင့် ယခုလိုပြိုင်ပွဲမှာ လက်တွေ့အသုံးချနိုင်မှာ ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ပန်းချီဆရာ ဦးညွန့်လှိုင်နှင့် ဆရာ ဦးထွန်းနိုင်ဦးက အမှတ်ပေး စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ အကြောင်းအရာ(သို့မဟုတ်)ခေါင်းစဉ်နှင့်အညီ ရေးဆွဲနိုင်ခြင်း၊ တီထွန်ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းကိုဖော်ထုတ်နိုင်ခြင်း၊ အလင်းအမှောင်ကို ချိန်ညှိနိုင်ခြင်းအချိုးအစားပြေပြစ်မှု၊ လိုက်ဖက်ညီသောအရောင်ကို အသုံးပြုနိုင်ခြင်း၊ မျက်စိအမြင်ခံစားနိုင်သော အသွင်အပြင်ညီညာပြေပြစ်မှု သက်ဝင်လှုပ်ရှားမှုရှိခြင်း၊ နီးစပ်တူညီမှုရှိခြင်းနှင့် ပန်းချီပညာကို ဆက်စပ်ဖော်ထုတ်ခြင်းပြောကြားပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဇွန်လ(၁၇)ရက်နံနက်(၈)နာရီတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)