ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သုတ/ရသ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ

ပုလော ဇွန် ၁

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ သုတ/ရသ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်များကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြစောနွယ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က မူးယစ်ဆေးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရာများ၊ ကျောင်းသား/ လူငယ်များ အနေဖြင့် လိုက်နာရမည့်အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် မူးယစ်ဆေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)