လှိုင်းဘွဲ အောက်တိုဘာ ၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အလက(၂)ကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသားများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို Test kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သင်တန်းသားများအား စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မျိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း(၅)ဦးတို့က အထူးရဲ သင်တန်းသား (၅၂) ဦးနှင့် သင်တန်းနည်းပြ(၁၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို စစ်ဆေးခဲ့ရာ အဆိုပါ သင်တန်းသားများတွင် ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်းနှင့် ကျန်ရှိနေသော သင်တန်း သားများအား ဆက်လက်စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)