ငါးသိုင်းချောင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန လူငယ်ရေးရာကော်မတီနှင့် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသူ/သားများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ယနေ့ နံနက်(၁၀)နာရီ အချိန်က အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ရုပ်/သံ-၃ ဦးခင်မောင်မြင့်က လူငယ်နှင့် မူးယစ်ဆေး သိကောင်းစရာများကိုလည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး နည်းပြနည်းစနစ်မှူး ဦးဝေယံထွန်းက အားကစားနှင့်ပတ်သက်သည်များကို သရုပ်ပြခြင်းဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)