ငပုတော ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ပုံမှန်လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေညနေပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိူးသူရကျော်၊ အတွင်းရေးမှူး ရဲမှူး မြင့်ရွှေနှင့်မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကဌာနဆိုင်ရာများအနေဖြင့် အပတ်စဥ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော နယ်မြေအလိုက် သက်ဆိုင်ရာဌာနမှစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အကြီးအကဲများပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပညာရေးဝန်ထမ်းများကို ဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိပါက ဆက်လက်ထိုးနှံကြရန် လိုကြောင်းပြောကြားပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသူရကျော်က လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် သက်ဆိုင်ရာဌာနအကြီးအကဲများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်လိုအပ်ချက်များ တင်ပြလာမှူအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)