တနင်္သာရီမြို့နယ် ပြည်သူ့စာကြည့်တိုက်မြေစိုက်ဘုတ်တွင် ကိုဗစ် − ၁၉ ရောဂါဆိုင်ရာ အသိပညာပေးပိုစတာများပြသ

တနင်္သာရီ အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ် − ၁၉  ရောဂါဆိုင်ရာ အသိပညာပေး ရောင်စုံပိုစတာများအား ယမန်နေ့ကပြသထားခဲ့သည်။

အလားတူ ကိုဗစ် − ၁၉ ရောဂါကာလ Stay at Home  နေစဉ်အတွင်း မိမိနေအိမ်မှတစ်ဆင့် လေ့လာကြည့်ရှုနိုင်ရန်အတွက် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Facebook Page ဖြစ်သော IPRD Tanintjaryi Page  တွင်လည်း ဖော်ပြပေးထား ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပိုစတာများမှာ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ်၊  ရုပ်ရှင် အတူတူကြည့်ပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနည်းလမ်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့်ကျန်းမာရေး၊ မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ သင်သည် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါသလား၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေးပါ၊ လူမှုမီဒီယာပေါ်မှာ ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလိကအဓိဌာန် သတင်းအချက်အလက်များ၊ သတင်းတွင်အသုံးပြုသော စကားအသုံးအနှုန်းအပိုင်းကို သတိထားကြည့်ရှုပါ၊ သတင်း ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ ကလေး သူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘော တူညီချက်တစ်ရပ်ပြုလုပ်ပါ၊ အချက်အလက် နှင့် ထင်မြင်ယူဆချက်ကို ခွဲခြားဖို့ခက်နေပါသလားစသဖြင့် ရောင်စုံပိုစတာများ ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)