ပေါင်းတည် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၊ မျိုးသန့်ခြံစိုက်ကွင်းများ၌ ခေါင်နှံကောက်ပျိုးခင်းများကို ပျိုးထောင်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းသည် သုတေသနပြုစိုက်ခင်းအတွက် စိုက်ပျိုးရန် ပျိုးထောင်စိုက်ပျိုးခြင်းဖြစ်ပြီး ပျိုးခင်းဧက ဒဿမ၂၅ ဧက ၌ ပျိုးထောင်နေလျက်ရှိကြောင်းသိရသည်။ ယင်းစိုက်ခင်းတွင် မျိုးသန့်ခြံ စိုက်ပျိုးရေးဝန်ထမ်းများက ဆင်းသုခ၊ မှော်ဘီ ၂၊ GW 11၊ ရတနာတိုး၊ ဧရာမင်း၊ ကရင်မ၊ ပခမ်းရွှေဝါ၊ ရွှေပြည်မွှေးနှင့် မှော်ဘီကောက်ညှင်းမွှေးတို့ကို ပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သူရကြီး( ပြန်/ ဆက်)