ပုလဲ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ ယမန်နေ့ ယမန်နေ့ ညနေသတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး Positive ၂ ဦး ထပ်မံတွေ့ ရှိ၍ မြို့နယ် ပြည်သူ့ဆေးရုံ၌ ထားရှိပြီးကျန်းမာရေး စောင့်ရှောက် ကုသမှု ပေးထားကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပုလဲမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ ကျွန်တော်မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ ၉ ဦးနှင့် ဆက်စပ် ထိတွေ့သူများ၊ ပုလဲမြို့ ၊ မြို့တော်ခန်းမနှင့် ကျေးရွာများရှိ CBFQ များမှာ Quarantine ထားရှိတဲ့ နေရပ်ပြန် ပြည်သူများ စုစုပေါင်း၂၂ ဦးတို့အား Quarantine ထားရှိတဲ့ နေရာမှ သီးသန့် ခေါ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့မှာ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် Swab နမူနာများ ရယူပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) သို့ ဓာတ်ခွဲနမူနာများကို ပို့ဆောင်စစ်ဆေးခဲ့ရာ ၂၂ ဦးအနက် တလိုင်း ကန်ကျေးရွာ Quarantineမှာ ထားရှိတဲ့ အသက်၂၂နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် နွယ်အင်းကျေးရွာ Quarantine မှာထားရှိတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၂ ဦးမှာ ကိုဗစ် - ၁၉ရောဂါပိုး Positive တွေ့ရှိကြောင်း ယမန်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်မှာ သိရှိရတဲ့အတွက် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိတဲ့ အမျိုးသမီး ၂ ဦးကို ကျေးရွာ Quarantine ထားရှိတဲ့ နေရာကနေ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ဆောင်ရွက်ပေးထားပါတယ်။
၎င်းတို့နှင့် ဆက်စပ်ထိတွေ့သူများအား Community Based Facility Quarantine (CBFQ) ထားရှိကာ Swab နမူနာများ ရယူ၍ ပေးပို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် ယခင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၉ ဦးနှင့် ထပ်မံတွေ့ရှိသည့် ပိုးတွေ့လူနာ ၂ ဦး စုစုပေါင်း ၁၁ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward ၌ ထားရှိ၍ ကျန်းမာရေးစောင့်ရှောက် ကုသမှုများ ဆောင်ရွက်ပေးထားပြီး ပိုးတွေ့လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
မြင့်သိန်းစိုး (ပြန်/ဆက်)