လှိုင်းဘွဲမြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း)များအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

လှိုင်းဘွဲ         အောက်တိုဘာ  ၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း)များ အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များအား ကြိုးပမ်း ဆောင်ရွက်မှုများ ကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအနေဖြင့် မိမိကျရာလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းရွက်နိုင်သလို ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များအား အချိန်နှင့်တပြေးညီ ပြီးစီးအောင် ကြိုးစားဆောင်ရွက်ရမှုကြောင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များထံ ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)(၄၀)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)ကျပ်ကို ဒုတိယအကြိမ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ခင်စန်းမြင့်(ပြန်/ဆက်)