ကြို့ပင်ကောက် အောက်တိုဘ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က လေပြင်းမျာတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
ကြို့ပင်ကောက်မြို့ ကုန်းမြင့်ကျေးရွာ၊ သာယာကုန်းကျေးရွာ ရန်ကုန်ပြည်ကားလမ်းပေါ်သို့ သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး အချိန်မီရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်းနှင့် ဈေးချိုမြောက်ရပ်ကွက် ပွဲစာတန်းလမ်းနေ ဒေါ်စန်းနေအိမ်၏ ရှေ့မျက်နှာသာပေါ်သို့ ပိတောက်ပင်လဲ ကျမှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသွားရောက်ပြီး ဖယ်ရှားရှင်း လင်းခဲ့ကြောင်း လေပြင်းတိုက်ခတ်မှုကြောင့် အောက်မျက်နီကွင်း ကျေးရွာတွင် ပြိုလဲနေအိမ်တစ်လုံး၊ ချောင်းနားကျေးရွာတွင် အမိုးလန်နေအိမ်(၂)လုံးတို့ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဘိုး ငွေကျပ် ၄၄၀၀၀၀ ကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း လေဘေးသင်ပြည်သူများအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးထားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)