တနင်္သာရီ ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ရှေးဟောင်းသမိုင်းဝင် ရှင်မအောင်သာ ကျောက်တိုင်နှင့်ပြည့်ရှင်မင်းများအား ရိုးရာအစဉ်အလာမပျက်ရိုးရာကပွဲကြီးကို (၇)ရက် သား/သမီးအလှူ ရှင်များစုပေါင်း၍ (၇)ရက်သားသမီးများနှင့် ဝေနေယျသတ္တဝါအပေါင်းတို့ ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၅ နာရီခွဲအချိန်က ၎င်းရှင်မအောင်သာကျောင်းတိုင် နတ်ကွန်းအတွင်း ကျင်းပပြုလုပ်ရာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ် ချုပ်ရေးမှူးဦးကျော်သက်ထူးနှင့် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ချောင်းကြီးဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တပန္နိစက ငါးပါးသီလနှင့်ဩဝါဒတရားတော်ချီးမြှင့်မြွက် ကြားပေး၍ ဆရာတော်/သံဃာတော်များက အန္တရာယ် ကင်းပရိတ်တော်များရွတ်ပွားပူဇော်ပေးတော်မူသည်။
ဆက်လက်၍ အလှူရှင်များက ဆရာတော်/သံဃာတော်များအား အာရုဏ်ဆွမ်းနှင့်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ ဧည့်ပရိတ်သတ်အပေါင်းအား နံနက်စာ မုန့်ဟင်းခါးနှင့် အုန်းထမင်းတို့ဖြင့်လှူဒါန်းကျွေးမွေးကြကြောင်း သိရသည်။
ယခင်က ခက်ရင်းသေ(ခေါ်)တနင်္သာရီမြို့ တည်သောအခါ ရေဘေးကြုံပြီး အကြိမ်ကြိမ်အခါခါ ပျက်စီးခြင်းရှိနေသဖြင့် သက္ကရာဇ်(၆၃၅)ခုနှစ်၊ဧကဒယ်ရာဇာမင်းလက်ထက်တွင် အောင်ပါသူ ကျောက် တိုင်စတေးမှ တိုင်းရွှေပြည်သာယာလေ့လိမ့်ဆိုသည့် တဘောင်အရ တိုင်းခန်း လှည့်လည်၍ အောင်ပါသူကို ခေါ်ယူရာ (၇လ)အရွယ်ကိုယ်ဝန်လွယ်ထားသည့်မအောင်သာက ရွှင်လန်းဝမ်းမြောက်စွာဖြင့် လိုက်လာပြီး မြို့တည်မော်ကွန်းကျောင်းတိုင်အရှေ့ တွင်းထဲသို့ ခုန်ဆင်း၍ နန်းတော်ရှိရာဘက်/ မိဘ လင်သားများရှိရာဘက်သို့ ကန်တော့ကာ အသက်ရှင်လျက် စတေးခဲ့ပြီးမှ မြို့တည်မှုအောင်မြင်ခဲ့ကြောင်း၊ အဆိုပါကျောက်တိုင်သည် မြေပေါ်၌ အမြင့် (၈ပေ) ပေါ်ထွက်နေပြီး မြေအောက် ၌လည်း အနက်(၈ပေ)ရှိကြောင်း၊ ကျောက်တိုင်ပုံသဏ္ဍာန်မှာ အင်းဂတေသွန်းထားခြင်းမျိုးမဟုတ်ဘဲ ပကဓိသဘာဝရင်း ထားသည့် ကျောက်သားဖြင့်ထွင်းထားသည့် ကျောက်အစစ်ကျောက်တိုင်ဖြစ်ပြီး ကျောက်တိုင်ထိပ်တွင် ရှားထည် အဖြူနှင့်အနီကို ပတ်ထားကြောင်း၊ တနင်္သာရီမြို့ဒေသခံများက ရှင်မအောင်အောင်သာ/ဖွားအောင်သာ/ မယ်အောင်သာ/အာဇာနည်ရှင်မ…စသဖြင့်ခေါ်ဝေါ်ကြပြီး ရိုသေခြင်း၊ ကြည်ညိုလေးစားခြင်း၊ ယုံကြည်အားကိုးခြင်းတို့ဖြင့် ပန်း၊ ဖယောင်းတိုင်း၊ အမွှေးတိုင်နှင့်အုန်းပွဲ/ငှက်ပျောပွဲများဖြင့် လာရောက် ဆက်သပူဇော်ကန်တော့ ဆုတောင်းကြလေ့ရှိကြကြောင်း မှတ်တမ်းများအရ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)