လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် စာအုပ်မိတ်ဆက်

လှိုင်းဘွဲ၊   အောက်တိုဘာလ  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် စာအုပ် မိတ်ဆက်ခြင်း၊ ရုပ်ပြပုံပြင်ပြောခြင်း၊  ရောင်စုံစက္ကူခေါက်ခြင်း စသည့် အသိပညာပေး လုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က စာရေးဆရာ အောင်ကိုဦး ရေး သား ထားသော လူငယ်တွေ စဉ်းစားဖို့ စာအုပ်ဖြင့် မိတ်ဆက်ခြင်းကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာအုပ်ကို Book Club အဖွဲ့ဝင် ဦးလင်းခိုင်က စာရေးဆရာအောင်ကိုဦး ရေးသားထားသော လူငယ်တွေစည်းစာဖို့ (လူငယ်တို့အတွက်အတွေးစာစုများ) စာအုပ်ဖြင့် တိုင်းပြည်ရဲ့ အနာဂတ် ပိုမိုကောင်းမွန်ဖို့ အတွက် ယနေ့လူငယ်တွေကို ပြုစုပျိုးထောင်ရန် လိုအပ်ခြင်း၊ လူငယ်တွေ အမှားအမှန်ကို ခွဲခြားနိုင်ဖို့အတွက် စနစ်တကျခွဲခြမ်းစိတ်ဖြာ စဉ်းစားဖို့လိုအပ်ခြင်း၊ လူငယ်တွေရဲ့ နေ့စဉ်ကြုံတွေနေရတဲ့ လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေးတွေမှာ မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အတွက် ဆရာအောင်ကိုဦး ရေးသားထားသော လူငယ်တွေ စဉ်းစားဖို့ စာအုပ်ဖြင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)