သာယာဝတီ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်၍ စားသုံးဆီ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်၊ ဝိသာခါလမ်းတွင် ရောင်းချခဲ့သည်။
အဆိုပါရောင်းချခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်အေးသန္တာထွန်းနှင့်ဝန်ထမ်းများ၊ ဆီအရောင်းကိုယ်စားလှယ်နှင့် ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှအေးတို့မှ တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်းဖြင့် အိမ်ထောင်စု (၄၅၀)အိမ်ထောင်အတွက် ဆီပိဿာ(၄၅၀)ပိဿာ ရောင်းချခဲ့ကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)