မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

မြင်းမူ ဇွန် ၁၅

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး‌ ‌‌ဒေါ်မြင့်မြင့်မိုးက Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေး ပြောကြား ခဲ့ပြီး ဒုတိယဦးစီးမှူးနှင့် ရုပ်သံကျွမ်းကျင်(၃)တို့မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုသည့်   ဝေါဟာရအဓိပ္ပါယ်၊ အကြမ်ဖက်မှုအမျိုးအစားများ၊ အမျိုးသမီးများကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြေားကြားခဲ့သည်။

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတ များရရှိစေရန် Talk Show များ ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ သုတ/ ရသစာအုပ်၊ စာစောင်များ အခမဲ့ငှား ရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ ပြိုင်ပွဲများကို  အခါအားလျော်စွာ  ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)