ဝါးခယ်မ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် တူးဖော်လျက်ရှိကြောင်း သိရသည်။
ရေနုတ်မြောင်းတူးဖော် ခြင်းလုပ်ငန်းများကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံ ညွှန်ကြားမှုဖြင့် မြို့နယ်အတွင်းရှိ ရေဆိုးမြောင်းများ၊ မင်းပိုင်းရပ်ကွက်ရှိ မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်း များမှ ရေထွက်ပေါက်များ၊ စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှာ ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ရုံးဟောင်းလမ်းရေကျော်ရပ်ကွက်တွင် ကွန်ကရစ်ရေမြောင်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်တူးဖော်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် သန့်ရှင်းသာယာသောမြို့၊ ရွာများ ဖြစ်ပေါ်စေရန်အတွက် ရေနုတ်မြောင်းများအား စဉ်ဆက်မပြတ် တူးဖော်လျက်ရှိ ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)