သာပေါင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများ မျှတ၍ ကြီးမြင့်မှု၊ မပျက်လက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စီပင်သာယာရေးကော်မတီ၊ သီရိရွှေသာဈေးအတွင်း လိုက်လံ လှည့်လည်စိစစ်ကြပ်မတ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် ဝန်ထမ်းတို့က ကုန်ပစ္စည်း များ ပင်ရင်းနေရာမှ ဖြန့်ဖြူးရောင်းချသည့် နေရာအထိ ရောင်းချရာတွင် ဈေးနှုန်းများ အဆမတန် မြင့်တင်ရောင်းချခြင်းများ မပြုကြရန်၊ သိုလှောင်ထားရှိပြီး ဈေးနှုန်းကစား၊ အမြတ်မြင့်တင် ရောင်းချခြင်းများ၊ ကုန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ပစ္စည်းများ ပျက်လက်မှုမရှိစေ ရေး ရောင်းဝယ်စားသုံးသူ ပြည်သူများအတွက် မျှတတည်ငြိမ်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ ကုန်မာဆိုင်များ၊ သား၊ ငါးရောင်းချသူတို့ကို အသိပညာပေး ပြောကြား ကာ စိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်