ကေ့ာကရိတ် ဇွန် ၁၅
ကျောင်းသူကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေ ၃း၃၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ကေ့ာကရိတ်ခရိုင် ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးဆိုသည်မှာနှင့် မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထိုနောက် တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အ.ထ.က(၁) ကျောင်းမှ ကျောင်းသူ/သား(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)