နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လွတ်လပ်ရေးကျောက်တိုင် ပန်းခြံအတွင်း အများပြည်သူများ စိတ်လက်ကြည်သာစွာ အပန်းဖြေအနားယူနိုင်ရန် သာယာလှပမှု ရှိစေရေးအတွက် လှပစွာ ပုံဖော်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါပန်းခြံအတွင်း ဒေသခံပြည်သူများ စိတ်ကြည်လင် ချမ်းအေးစွာ အပန်းဖြေအနားယူနိုင်ရန်နှင့် ကလေးများ ဆော့ကစားနိုင်ရန် ကလေးလျှောစီးများ၊ ဒန်းစင်များ၊ ခုံတန်းများ ထားရှိခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိပြီး၊ ပန်းခြံ၏ ဥပဓိရုပ် ပိုမိုကောင်းမွန်စေရန်အတွက် ရှေ့မျက်နှာစာ၌ မြေယာရှုခင်းပြုလုပ်ထားသည့် We Love Natmauk စာလုံးများ ပုံဖော်ထားရှိ၍ ယခုအခါ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာများအား ဆေးသုတ်အလှဆင်ထားသော အရုပ်များကိုလည်း လှပစွာ ဆောင်ရွက်ထားရှိကြောင်း၊ လူငယ်များ ပန်းခြံအတွင်း အပျော်တမ်း ဓာတ်ပုံအလှများ ရိုက်နိုင်ကြရန်နှင့် မျက်စိပသာဒဖြစ်စေရန်၊ စိတ်ကြည်နူးမှုကို ခံစားနိုင်စေရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လှဝင်း