မြောင်းမြ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့က အသေးစားစက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ငန်းမှတ်ပုံတင် အမျိုးအစားများ၊ လုပ်ငန်း မှတ်ပုံတင်ရသည့် သတ်မှတ်ချက်များ၊ စစ်ဆေးဆောင်ရွက်ပေးရသည့် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းရှင်များစျေးနှုန်းအမှန်သိရှိစေနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမှုများ၊ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိသိရှိနိုင်ရေးအတွက် အသိပညာပေး Talk Show များ ၊ နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (မြောင်းမြ)