မင်းကင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မင်းကင်းမြို့နယ်၏ MSME နှင့် မွေးမြူရေး လုပ်ငန်းရှင်များသို့ မတည်ထောက်ပံ့ငွေ ချေးငွေထုတ်ချေး ပေးအပ်ပွဲအခမ်းအနားကျင်းပ

မင်းကင်း ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာ အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မင်းကင်းမြို့နယ်၏ MSME နှင့် မွေးမြူရေးလုပ်ငန်းရှင်များသို့ မတည်ထောက်ပံ့ငွေ ချေးငွေထုတ်ချေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြေကြားပြီး မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအတွင်း ရေးမှူး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လွင်က ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းချက်များ နှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လုပ်ငန်းရှင်များထံသို့ ချေးငွေများလွှဲပြောင်းပေးအပ်ခဲ့ပြီး လုပ်ငန်းရှင်များကိုယ်စား မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကြည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မင်းကင်းမြို့နယ်၏ MSME နှင့် မွေးမြူရေးလုပ်ငန်းရှင် များ ချေးငွေများ လွှဲပြောင်းပေးအပ်ပွဲတွင် ဆန်စက်၊ ဆီစက်နှင့် မွေးမြူရေးလုပ်ငန်းရှင် (၇)ဦးထံသို့ ငွေကျပ်သိန်းပေါင်းခြောက်ရာတိတိကို ထုတ်ချေးပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းကင်း(ပြန်/ဆက်)