နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

နတ်မောက် အောက်တိုဘာ ၉    

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေး ရှိရာနေရာ  များသို့ မလိုအပ်ဘဲလုံးဝမသွားကြရန်၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူစုလူဝေးရှိရာ နေရာများသို့ သွားသည့်အခါတိုင်း တပ်ဆင်ကြရန်၊ အခြားသူများနှင့်တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါရန် ၊ ၆ပေအကွာ   မှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ လက်ကိုရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့် ဆေးရည်အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင်စနစ်တကျ မကြာခဏဆေးကြောကြရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်ပြီး စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)