ဘုရားသုံးဆူမြို့တွင် အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများအား နှာခေါင်းနှင့် အာခေါင် တို့ ပတ်နမူနာ Swab များရယူ

ဘုရားသုံးဆူ အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများနှင့် သင်တန်းနည်းပြများအား ကိုဗဟ် ၁၉ ရောဂါပိုး ရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီ အချိန်က အာခေါင်နှင့် နှားခေါင်းတို့ပတ် Swab နမူနာ (၃၀) ခုကို ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ အာခေါင်နှင့်နှားခေါင်းတို့ပတ် Swab နမူနှာများ စစ်ဆေးနိုင်ရန်အတွက် ဘုရားသုံးဆူမြို့ Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှု၊ ပံ့ပိုးကူညီမှုနှင့် အတူ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးရေးဌာနသို့ ဆက်လက်ပို့ဆောင်ကာ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)