လပွတ္တာ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်အထကကျောင်းရှိ Community Based Facility Quarantine Center စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာကို ယမန်နေ့ညနေ (၄) နာရီက ရယူခဲ့သည်။
ဂန့်အိတ်ကျေးရွာမှ ဆားများသယ်ဆောင်လာသည့် ရေယာဉ်ဖြင့် လိုက်ပါလာသူ(၂)ဦးနှင့် ရေယာဉ်ပေါ်မှ ဝန်ထမ်း(၁၂)ဦးတို့ကို (၃)မိုင်အခြေခံ ပညာအထက်တန်းကျောင်း Community Based Facility Quarantine Center တွင် ထားရှိထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် ပထမအကြိမ် နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူခြင်းကို လပွတ္တာခရိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာ /ဆရာမများ ကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)