နတ်မောက်မြို့နယ် ပညာရေးမိသားစုက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အလှူငွေများ သွားရောက်လှူဒါန်း

နတ်မောက်  အောက်တိုဘာ  ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ် ပညာရေးမိသားစုတို့ စုပေါင်း၍ နတ်မောက်မြို့နယ်  ပြည်သူ့ဆေးရုံကြီးတွင်   ကိုဗစ်-၁၉    ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်းကို  ယမန်နေ့ညနေ (၄ )  နာရီခန့်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းမိသားစုများ စုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံ ကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန်   ပညာရေး မိသားစုအနေဖြင့် အလှူငွေကျပ် (၁၈၈၄၅၀ဝိ/-) ကျပ်တိတိအား သွားရောက်လှူဒါန်းရာ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းစည်သူမှ လက်ခံရယူပြီး ကျေးဇူးတင် စကားပြော ကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

သင်းသင်းဝေ (နတ်မောက်)