တောင်ငူ အောက်တိုဘာ ၉
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ (၁၉၃) ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှယမန်နေ့နံနက်ပိုင်းက မြို့မရဲစခန်း အထူးရဲသင်တန်းကျောင်း၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်း မရှိ(မရှိ) ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ နယ်မြေရဲစခန်းမှူးများ ၊ သင်တန်းနည်းပြများ ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာအိအိမင်းနောင်တို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်း များက ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသား (၁၉၃)ဦးတို့အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါစစ်ဆေးမှုသည် ရောဂါပိုးရှိ/မရှိကို နာရီဝက်အတွင်း အဖြေသိရှိရပြီး သင်တန်း၌ တက်ရောက်ကြသည့် သင်တန်းသား (၁၉၃)ဦးတို့တွင် ရောဂါပိုး မရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ထက် (တောင်ငူ)