ဟင်္သာတ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ အကြိမ်ပြည့် ထိုးနှံနိုင်ရေးနှင့် ထပ်ဆောင်း Booster များ ထိုးနှံရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမနနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက လာရောက်ကာကွယ် ဆေးထိုးနှံသူပြည်သူများအား လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုးနှံရမည့်သူများအား အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကာကွယ်ဆေးများကို ကျန်းမာရေးဌာန စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ကျန်းမာရေးဌာန ၁၂ ခုတို့နှင့် ရပ်ကွက်၊ ကျေးရွာများတွင်ပါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို သတ်မှတ်နေရာများတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဧပြီလမှ စတင်၍ ယမန်နေ့အထိ စုစုပေါင်း လူဦးရေ ၂၆၈၆၅ ဦးတို့ကို Sinopharm အမျိုးအစား ထပ်ဆောင်း Booster များ ထိုးနှံပေးခဲ့ပြီးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက် (ဟင်္သာတ)