ကသာပညာရေး ဒီဂရီကောလိပ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်

ကသာ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းစိုးက အမှာစကားပြောကြားပြီး ကသာမြို့မ ရဲစခန်းမှူး ဒုရဲမှူး‌‌ ဇော်မြင့်က လူကုန်ကူးမှုအဓိပ္ပယ်၊ လူကုန်ကူးမှုမြောက်စေသော ပြစ်မှုအင်္ဂါ(၃) ရပ်အကြောင်း၊ လူကုန်ကူးခံရသည့် (ပြည်တွင်း၊ ပြည်ပ) အကြောင်း အရာများ၊ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုပုံစံ (၅) မျိုး၊ အကြွေးနှင့် ချည်နှောင်ခံရခြင်း၊ လူကုန်ကူးမှုမခံရစေရေးအတွက် သတိပြုရန် လိုအပ်ချက်များ၊ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် လူကုန်ကူးခံရမှုအပေါ် ခေါင်းပုံဖြတ်ခြင်းစသည့် အကြောင်းအရာများကို အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းအုပ်ဆရာမကြီးမှ အသိပညာပေး ဟောပြောခဲ့သော ကသာမြို့မ ရဲစခန်းမှူး ဒုရဲမှူးအား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်းနှင့် ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ကျော်စွာ(ကသာ)