လောက်ကိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်တွင် တင်ကျန်ခဲ့သည့် မိုးရေနှင့် အမှိုက်များ သန့်ရှင်းရေးပြုလုပ်

လောက်ကိုင် ဇွန် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းမှုဖြစ်ပေါ်ကာ လမ်မများပေါ်တွင် ရေတင်ခြင်း၊ ရေမြောင်းများလျှံ၍ အမှိုက်များလမ်းမပေါ်တွင် တင်ကျန်ခြင်းများအား ယနေ့ နံနက်ပိုင်းက သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသန့်ရှင်းရေးများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ရေလျှံမှု များ ဖြစ်ပေါ်နေသည့် လောက်ကိုင်မြို့ အမှတ်( ၁) ရပ်ကွက် ကြာပန်းဝိုင်းမှ အမှတ်( ၂) ရပ်ကွက် ရှင်ဖူချောင် တံတားအထိ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း ( လောက်ကိုင်)