ဓနုဖြူမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကျင်းပ

ဓနုဖြူ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ချစ်လို့ပြောတာမှတ်ပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

‌ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မေစိုးမှ စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "ချစ်လို့ပြောတာမှတ်ပါ" စာအုပ်ကို စာဖတ်ဝိုင်းဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဥက္ကဋ္ဌ ဆရာမ‌‌ ဒေါ်ညိုညိုတင်မှ "ချစ်လို့ပြောတာမှတ်ပါ" စာအုပ်အားခြုံငုံသုံးသပ်ပြီး၊ ဆရာဦးဝင်းမြင့်က စာအုပ်ပါ အကြောင်းအရာဖြစ်သည့် ဆောင်းပါးခေါင်းစဉ်များဖြစ်သော မပြိုစေရွှေမြင့်မိုရ်၊ ရှက်ပြုံးထဲက သင်ခန်းစာ၊ ဓားသွားပေါ်က ပျားရည်စက်များစသည့် ခေါင်းစဉ်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက်  ဆရာဦးချစ်တိုးမှ ​မွေးရပ်မြေအလွမ်း ​ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ဆရာဦးမျိုးနိုင်မှ ဇွဲရှိမှ ‌ခေါ‌င်းစဉ်ဖြင့်လည်းကောင်း အသီးသီး‌ဆွေး‌နွေးခဲ့ကြသည်။ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် မိမိတို့ ဖတ်ရှုထားသည့် အကြောင်းအရာ အမျိုးမျိုးဖြင့် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)