ရွှေဘို မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဆီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းအချိန်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး (Talk Show) တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်နှင့် ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းတို့က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးအုပ်စုများ၊ အမျိုးအစားများ၊ (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော ဆေးအုပ်စုအမျိုးအစားများ၊ မူးယစ်ဆေး စတင်သုံးစွဲခြင်း အကြောင်းအရင်းနှင့် ဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဆီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတ ရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်