ပုလဲ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၁နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပုလဲမြို့နယ်ရုံးဦးစီးအရာရှိ ဦးမြင့်သိန်းစိုးနှင့် ခရိုင်ရုံးဦးစီးအရာရှိ ဒေါ်အိသက်ခိုင်တို့က မူးယစ်ဆေးဝါး၏ အဓိပ္ပယ်၊ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်း၊ မူးယစ်ဆေး သုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူဘဝ မရောက်ရှိစေရန် ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များနှင့် မူးယစ်ဆေးဝါး ပြဿနာသည် လူ့အသိုင်းအဝိုင်း တစ်ခုအတွင်း ထိခိုက်ခြင်းသာမက နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ် အေးချမ်းမှုကိုပါ ထိခိုက် စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝ အမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို စုပေါင်းပြီး နှိမ်နင်းကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်