လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဆွတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို ဇွန် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ လိပ်သိုမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဆွတ်ယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ လိပ်သိုဒေသတွင် စိုက်ပျိုးသော ဂေါ်ရခါးသီးပင်များမှာ သဘာ၀မြေဩာဇာကိုသာ အသုံးပြုခြင်းကြောင့် လူကြိုက်များသော သီးနှံဖြစ်ပြီး ကြော်ချက်စား၍သော် လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်းကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊ မိုး၊ ဆောင်းရာသီမရွေး အသီးသီးပြီး ယခုမိုးရာသီတွင် ဂေါ်ရခါးသီးများ စားသုံးရန်သင့်လျော်ပြီး ဆွတ်ယူရောင်းချလျက်ရှိသည်။    

ဂေါ်ရခါးသီးများကို အိမ်အတွင်း စားသုံးရန်အတွက်သာမက အပိုဝင်ငွေရရှိစေရန် ဆွတ်ယူရောင်းချလျက်ရှိပြီး လိပ်သိုမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြသည်။ လိပ်သိုဒေသထွက် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီး စားသုံးသူများ နှစ်ခြိုက်လျက်ရှိရာ မြို့ပေါ်ဈေးဆိုင်များတွင် လက်လီဈေး တစ်ပိဿာလျှင် ကျပ်(၈၀ဝိ/-) မှ (၁၀၀ဝိ/-) ထိ ရရှိသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေးအသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ်ရရှိကြောင်း အမှတ်(၄)ရပ်ကွက်နေ ဂေါ်ရခါးသီးစိုက်ပျိုး လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်(လိပ်သို)