လှိုင်းဘွဲ ဇွန် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဓိကကျသော လမ်းအပိုင်းများ၌ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်မှုရှိစေရေးတို့အတွက် ရေမြောင်းဖုံးပါ အုတ်စီ ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်းပြုလုပ်ပေးခြင်းများကို ရပ်ကွက်များအတွင်းဘဏ္ဍာရေးနှစ်အလိုက် အပိုင်းများခွဲ၍ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၃၃၅ ဒဿမ ၇၈၁) ကျပ်သန်းဖြင့် ရေမြောင်းဖုံးပါ အုတ်စီရေမြောင်းအတွင်းပိုင်းအကျယ် (၂)ပေ၊ အနက်(၃)ပေ၊ စုစုပေါင်းအရှည် (၅၉၈၄)ပေကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)