ဟုမ္မလင်း၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ဟုမ္မလင်း ဇွန် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟုမ္မလင်းမြို့တွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့်  မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို  ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ဟုမ္မလင်း​မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဟုမ္မမြို့နယ်ရုံး စာကြည့်တိုက် လက်ထောက် -၃ ဒေါ်နန်းမဉ္ဇူ​​အေးနှင့် ဒေါ်​ကေကေနိုင်တို့က လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးရလဒ်များ၊ မူးယစ်ဆေးဝါးအုပ်စုနှင့် အမျိုးအမည်များ၊ လူငယ်များ လူငယ်များအတွက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မသုံးစွဲမိအောင်နှင့် တားဆီးကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)