ညောင်တုန်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန် မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုးဟုတ် ကျေးရွာအုပ်စုရှိ ကျောင်းစု၊ သက်ကယ်ကျင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင် (၂)ဦးဇော်လွင်၊ အဖွဲ့ဝင်(၃) ဦးကျော်ဇေယျ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအေးချမ်းဇွန်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၀၀)ခန့်တို့က ကျွန်း (၂၀)ပင်၊ ပျဉ်းကတိုး(၂၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀)၊ ယူကလစ်(၂၀)ပင်၊ ခရေ (၂၀)ပင်၊ စိန်ပန်း(၂၀)ပင် စုစုပေါင်းအပင် (၃၀၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)