ပုလောမြို့နယ် ရှပ်ပုံ(ရွာထဲ)ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြော

ပုလော  ဇွန်  ၁၃

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှပ်ပုံကျေးရွာ(ရွာထဲ) အ.မ.ကကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှပ်ပုံကျေးရွာ အုပ်စု ကျန်းမာရေးမှူး ဦးအောင်ဆန်းမင်း ကကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍  မဖြစ်ပွားမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ်စကားလုံး အရှည်ကောက်၏အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ရေစည်၊ရေပုံး၊ ရေအိုးစသည်များတွင် အဘိတ်ဆေးခတ်ရ မည့်အတိုင်းအတာ၊မိမိတို့ မိသားစုဝင်များအပြင် အိမ်နီးချင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများတွင် အမြန်ဆုံးပြသ၍ ကုသမှုခံယူရန် ရှင်းလင်းပြောကြားကာ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

အေးအေးမော်(ပုလော)