ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ခြင်း လုပ်ငန်းအတွက် နတ်မောက်မြို့နယ်တွင် ပိုင်းလော့ဧရိယာသတ်မှတ်၍ ဆောက်ရွက်

နတ်မောက် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါမျိုးစေ့ ထုတ်ခြင်းလုပ်ငန်းကို ပိုင်းလော့ဧရိယာသတ်မှတ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ အရေးကြီးသည့် စက်မှုကုန်ကြမ်းသီးနှံအုပ်စုတွင် ပါဝင်သည့်ချည်မျှင်ရှည်ဝါ အထွက်နှုန်း  ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးနိုင်ရန်အတွက် ချည်မျှင်ရှည်ဝါမျိုးစေ့ ထုတ်လုပ်ငန်းကို ပိုင်းလော့ဧရိယာ ဧက (၂၀၀)သတ်မှတ်၍ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံ ပညာပေးဆွေးနွေး ဆောင်ရွက်လျက်ရှိသည်။

နတ်မောက်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် ပိုင်းလော့ဧရိယာ ဧက(၂၀၀)အနက် ရွာမွန်ကျေးရွာတွင် ဧက(၁၀၀)နှင့် အခြားကျေးရွာများ၌ ဧက(၁၀၀) ခန့်သတ်မှတ် စိုက်ပျိုးမည်ဖြစ်ပြီး ချည်မျှင်ရှည်ဝါတစ်ဧက ပန်းတိုင်အထွက်နှုန်း ပိဿာ (၇၀၀)ခန့် ထွက်ရှိရေးအတွက်  တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိထံက သိရသည်။

မူမူစန်း