သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သဲကုန်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို ဆင်မြီးဆွဲ​​မြို့ရှိ သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က ရွာသာယာအုပ်စု၊ မိုဃ်းကောင်း ဓမ္မရုံတွင် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် အ​ထွေထွေမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ဆင်မြီးဆွဲမြို့ အုပ်ချုပ်​​ရေးမှူး ဦး​​ဝေ​ဖြိုးကျော်မှဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသား မှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ​ကျေးရွာရပ်ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မီး​​ဘေးအန္တရာယ်ကာကွယ်​ရေးလုပ်ငန်းများ၊ မုန်တိုင်းအန္တရာယ်​​ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ​ဆောင်ရွက်ပေး​ခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ မြေခွန်စည်းကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ​​ သွေးလွန်တုတ်ကွေးနှင့် ပတ်သက်၍ အဘိတ်ခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်း​​ပြောကြား​ခြင်း၊ ကျန်းမာ​ရေး​စောင့်ရှောက်မှုများ ဆောင်ရွက်​ပေး​ခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်​​ဆေးများ ထိုးနှံ​ပေး​ခြင်း၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စာသုံးသူများအခွင့်အရေး စသည်တို့အား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ တောင်သူ ၅၀ ဦးတက်​ရောက်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)