သဲကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်၊ တစ်မြို့နယ်လုံး အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုက်ရာအုပ်ချုပ်ရေးမှူးများက Mobile အစီအစဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ ကြို့ရပ်သာအုပ်စုတွင် ယနေ့နံနက် ၈ နာရီမှစ၍ ကာကွယ်ဆေးထိုးစုရပ် အသီးသီးတွင် လာရောက်ထိုးနှံလျက်ရှိရာ ဒေသခံပြည်သူ (၇၁) ဦးနှင့် နိုင်ငံ့ဝန်ထမ်း (၄) ဦး၊ သံဃာတော် (၅) ဦး စုစုပေါင်း (၈၀) လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကိုကျော်(ပြန်/ဆက်)